Wednesday, December 11, 2013
ဘောလုံးကန် ဖိနပ်ပြဿနာ
ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းကစားသမားများအနေဖြင့် ကစားသမားများထိခိုက်နာကျင်မှုမဖြစ်စေရန်နှင့် ခိုက်ရန်ဒေါသမဖြစ်စေရန် ရည်ရွယ်၍ ကစားသမားများ အနေဖြင့် ဘောလုံးကစားရာတွင် ဖူဆယ်ဘောလုံးကန်ဖိနပ်များကိုသာ အသုံးပြုခွင့်ပေးထားမည်ဖြစ်သည်။ အခြားဖိနပ်များကိုလည်း အသုံးပြုခွင့် လုံးဝတားမြစ်ထားသည်။ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ခုနှစ် ဖူဆယ်ဘောလုံးကျင်းပမှု့တွင် မင်းတိုင်ပင်ကျေးရွာမှ ပါဝင်ယှဉ်ပြိုင်သော လူငယ်အသင်းနှင့် ရွှေကင်းဝန် အသင်းများ ဖိနပ်ပြဿနာကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်သွားရသော သာဓကများရှိနေခြင်းနှင့် ပြိုင်ပွဲကျင်းပမှု့ နှောင့်နှေးခြင်းများရှိခဲ့သည်။
No comments:
Post a Comment