စည်းကမ်းချက်



ဖူဆယ်ဘောလုံး အသင်းဝင်များ လိုက်နာရန် စည်းကမ်းနှင့် သတ်မှတ်ချက်
ပွဲကစားချိန်ကိုပထမပိုင်းမိနစ် (၂၀)၊ ပထမပိုင်းပြီးပါကနားနေချိန် (၅)မိနစ် သတ်မှတ်၍ ဒုတိယပိုင်းမိနစ် (၂၀) ကစားမည်ဖြစ်သည်။
ပွဲထွက်ကစားသမား (၅)ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အရံကစားသမားအများဆုံး (၇)ဦးနှင့် နည်းပြ (၁)ဦး၊ အသင်းအုပ်ချုပ်သူ (၁)ဦးရှိရမည်။
နှစ်ဖက်အသင်းကစားသမားများသတ်မှတ်နေရာတွင် နေစေရမည်။
ပွဲထွက်ကစားသမားအကြိမ်ကြိမ်လဲလှယ်ခွင့်ရှိသည်။ လူစားဝင်လိုပါက (မှတ်တမ်းဒိုင်၊ အကူဒိုင်) ကိုပြော၍ လူစားလဲသတ်မှတ်ဇုံမှ အ၀င်အထွက်ပြုလုပ်ရမည်။
လူကျွံဘောမပါ၊ ဒေါင့်ကန်ဘောပါမည်။
ဂိုးလွန်ဘော၊ ဂိုးမိဘောကိုဂိုးသမားမှ လက်ဖြင့် ပစ်ပေးရမည်။ တစ်ဖက်အသင်းသို့ တိုက်ရိုက်ဂိုးဝင်ပါက ဂိုးမပေးပါ။ ဂိုးလက်သမားလက်မိဘောသည် (၃)စက္ကန့်အတွင်းပစ်ပေးရမည်။
ဂိုးသမားသည် ဂိုးဧရိယာအတွင်းလက်ဖြင့် ဖမ်းခွင့်ရှိသည်။ သို့သော် မိမိအသင်းသားမှ ပြန်ပေးသောဘောလုံးကိုဂိုးဧရိယာအတွင်းဖမ်းပါကတစ်ဖက်အသင်းကိုဂိုးဧရိယာအပြင်ဘက်မှ ကန်စေရမည်။
ပြစ်ဒဏ်ဘော၊ ဒေါင့်ကန်ဘော၊ ဘေးထွက်ဘောများကန်ပါက တစ်ဖက်အသင်းကစားသမားများကို ဘောလုံးနှင့် (၁၀)ပေအကွာ (သို့မဟုတ်) ဒိုင်၏သဘောတွင် ရှိစေရမည်။
ဘေးထွက်ဘောကိုဘေးစည်းမျဉ်းအပြင်ဘက်မှ (၃)စက္ကန့်အတွင်းတည်ကန်ရမည်၊ (၃)စက္ကန့်ထက်ကျော် သည်ထင်ပါက တစ်ဖက်အသင်းကိုကန်ခွင်ပေးရမည်။ လက်ဖြင့် မမြှောက်ရပါ။
၁၀
ပင်နယ်တီဧရိယာအတွင်း ပြစ်မှုကျူးလွန်ပါကပထမပင်နယ်တီမှ ကန်ရမည်။ ပြစ်ဒဏ်ဘော (၅)ကြိမ်ပြည့်ပါကသတိပေးမည်။ (၆)ကြိမ်မြောက်တွင် ဒုတိယပင်နယ်တီမှ ကန်စေရမည်။ (ကွင်းအတွင်းမည်သည့်နေရာတွင်မဆို ပြစ်ဒဏ်ဘောဖြစ်ပါက)
၁၁
လျှောထိုးကစားခြင်း၊ လက်ဖြင့်တွန်းခြင်း၊ တံတောင်ထုတ်၍ ကစားခြင်းခွင့်မပြုပါ။
၁၂
အနီကဒ်ပြ၍ ထုတ်ခံရပါကအချိန်မှတ်မည်။ တစ်မိနစ်ပြည့်လျှင် ၄င်း၏နေရာတွင် လူစားဝင်ခွင့်ပေးမည်။ တစ်မိနစ်မပြည့်ခင် တစ်ဖက်အသင်းမှ ဂိုးသွင်းလျှင် ချက်ခြင်း ၀င်ခွင့်ပေးမည်။
၁၃
(၂)၀ါ၊ (၁)နီတစ်ပွဲနား၊ တိုက်ရိုက်အနီ နှစ်ပွဲနားရမည်။
၁၄
တစ်ပွဲကန်အပြီး၊ နှစ်ပွဲမြောက်မကန်ခင် ကစားသမားစာရင်းကိုအတည်ပြုမည်။ ပထမပွဲစာရင်းပေးသူ အနည်းဆုံး (၈)ယောက်ပါဝင်ရမည်။
၁၅
ဖူဆယ်ဘောလုံးကန် ဖိနပ်မှအပကျန်သောအားကစားဖိနပ်များ၊ အခြားဖိနပ်များ လုံးဝခွင့်မပြုပါ။
၁၆
အရက်သေစာသောက်စားပြီးကစားသမား လုံးဝခွင့်မပြုပါ။
၁၇
ပြိုင်ပွဲကျင်းပချိန်မှအပလေ့ကျင့်ရန်ဘောလုံး လုံးဝထုတ်မပေးပါ။

အ၀ါကဒ်
အနီကဒ်
၁။ အားကစားစိတ်ဓာတ်ကင်းမဲ့ခြင်း၁။            ဆိုးသွမ်းစွာကစားခြင်း
၂။ ဒိုင်ကိုမကျေနပ်ကြောင်းပြောခြင်း            ၂။   ဆဲဆိုခြင်း
၃။ ပြစ်ဒဏ်ဘောအကြိမ်ကြိမ်ကျူးလွန်ခြင်း            ၃။   တံတွေးဖြင့် ထွေးခြင်း
၎။ အချိန်နှောင့်နှေးအောင်ပြုလုပ်ခြင်း            ၄။   အ၀ါ (၂)ကြိမ် ပြခံရခြင်း
၅။ ဒိုင်၊ မှတ်တမ်းဒိုင်ကိုမပြောဘဲ အ၀င်၊ အထွက် ပြုလုပ်ခြင်း
၁။         ဆိုးသွမ်းစွာကစားခြင်း
၂။         ဆဲဆိုခြင်း
၃။         တံတွေးဖြင့် ထွေးခြင်း
၎။         အ၀ါ (၂)ကြိမ် ပြခံရခြင်း

မှတ်ချက်။         ။ ပြစ်မှုကျူးလွန်သည့်အပေါ်မူတည်၍ အထုတ်ခံရသောကစားသမားကို ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် မြို့နယ် အား/ကာကော်မတီတို့မှ ဆုံးဖြတ်သွားမည်။

No comments:

Post a Comment