အားမာန်သစ်အသင်းသည် တတိယပွဲ ရှုံးပြီး အုပ်စုမှ လက်ပြနှုတ်ဆက်သွားခဲ့သည်။ အားမာန်သစ်နှင့် ရွှေကုက္ကိုအသင်းတို့ ကစားသောပွဲသည် နှစ်ဖက်ပရိတ်သတ်များ အကြိုက်တွေ့ခဲ့ပြီး ယှဉ်ပြိုင်မှု့ ညီမျှသော အသင်းနှစ်သင်းဖြစ်ကာ နောက်ဆုံးတွင် အဆုံးသတ်ကောင်းသော ရွှေကုက္ကို အသင်းမှ အနိုင်ရသွားခဲ့သည်။ အားမာန်သစ်အသင်းသည် လူငယ်လေးများဖြင့် ဖွဲ့စည်းမှု့လှပသော အသင်းဟု လူတိုင်းနားလည်ထားသော်လည်း ယခုနှစ် ၂၀၁၃-၂၀၁၄ ဖူဆယ်ရာသီတွင် နည်းပြ ကိုမောင်ဦး နှုတ်ထွက်သွား၍ အုပ်စုမတက်ဟု မှတ်ချက်ပြုနေကြသည်။ နည်းပြ ကိုမောင်ဦးသည် ၄င်းပါဝင်ခဲ့သော အားမာန်သစ်အသင်း၏ သမိုင်းတလျှောက်တွင် အုပ်စုမှ အမြဲတမ်းတက်ခဲ့ပြီး မိမိအသင်းတွက်ဆို ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီသို့ စောဒကအများဆုံး နည်းပြစာရင်းဝင်ဖြစ်ခဲ့သည်။
No comments:
Post a Comment