Tuesday, December 17, 2013

အခမ်းအနားအစီအစဉ် နေ့ ၁၀ နာရီ

ပုလဲမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးအားကစား ဖိတ်ခေါ်ပြိုင်ပွဲ အခမ်းအနားအစီအစဉ်

          ပုလဲမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးအားကစား ဖိတ်ခေါ်ပြိုင်ပွဲ၏ အခမ်းအနားအစီအစဉ်များ မကြာမှီ ကျင်းပတော့မည် ဖြစ်ပါသောကြောင့် ကြွရောက်လာကြသော ကုက္ကိုကုန်းကျေးရွာရပ်မိရပ်ဖများနှင့်  ပြိုင်ပွဲဝင်အသင်းများ နေရာယူပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ရှင်…….
v  ကြွရောက်လာကြသော လွတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုက္ကိုကုန်းကျေးရွာ ရပ်မိရပ်ဖများနှင့်  ပြိုင်ပွဲဝင်အသင်းများ နေရာယူပြီး ဖြစ်ပါသဖြင့် အခမ်းအနားအစီအစဉ်များကို ကြေငြာပါ့မယ် ရှင်……..
အခမ်းအနားအစီအစဉ် (၁)။ ။အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း၊
အခမ်းအနားအစီအစဉ်(၂)။        ။စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ လွှတ်တော်ကိုယ်စာလှယ် ဦးတင်ဆွေ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ)မှ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုကျင်းပသော ဖူဆယ်ဘောလုံး အားကစားဖိတ်ခေါ်ပြိုင်ပွဲအခမ်းအနား အဖွင့်မှာစကား ပြောကြားခြင်း၊
အခမ်းအနားအစီအစဉ်(၃)။           ။ပြိုင်ပွဲကျင်းပရေးကော်မတီ ဆရာတော် ဦးဝါယမိန္ဒမှ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံး အားကစားဖိတ်ခေါ်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြသော အားကစားသမားများအား ဆုံးမသြ၀ါဒစကား ပြောကြားခြင်း၊
အခမ်းအနားအစီအစဉ်(၄)။              ။ပုလဲမြို့နယ်၊ မြို့နယ်အား/ကာတာဝန်ခံ ဦးတိုးမြင့်ဆွေမှ  ပြိုင်ပွဲအတွက် အားကစား လက်ဆောင်ပစ္စည်းများ ပေးအပ်ရန်နှင့် အဆိုပါ လက်ဆောင် ပစ္စည်းများကို ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးစန်းမောင်မှ လက်ခံရယူခြင်း၊
အခမ်းအနားအစီအစဉ်(၅)။              ။ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးမောင်သန်းမှ ပုလဲမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ကျင်းပသော လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ကျင်းပခွင့်ရသည့်အတွက်  ကျေးဇူးတင် ၀မ်းမြောက်စကား ပြောကြားခြင်း၊
အခမ်းအနားအစီအစဉ်(၆)။              ။ပုလဲမြို့၊ အိုင်အိုဂိတ် ကွန်ပျူတာစင်တာ ဆရာဦးအောင်မြတ်ခိုင်မှ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ကျင်းပသော လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံး ပြိုင်ပွဲ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များ ပြောကြားခြင်း။
အခမ်းအနားအစီအစဉ်(၇)။              ။ကြွရောက်လာကြသော လွတ်တော်ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာရပ်မိရပ်ဖ များနှင့် ပြိုင်ပွဲဝင်အားကစားသမားများစုပေါင်း၍ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခြင်း၊
အခမ်းအနားအစီအစဉ်(၈)။              ။နာယကဆရာတော်များနှင့် ကော်မတီအဖွဲ့ဝင်များမှ မဲနှိုက်အစီစဉ်များပြုလုပ်၍ အုပ်စု သတ်မှတ်ခြင်း
အခမ်းအနားအစီအစဉ်(၉)။              ။(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကြိုတင်ကျင်းပသော လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးအားကစား ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း ကြေငြာခြင်းတို့ ဖြစ်ပါတယ်….ရှင်…

အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အရ ပြိုင်ပွဲဝင်ကစားသမားများအား မျိုးဆက်သစ် ကျောင်းသားလူငယ်များနှင့်အတူ ပြိုင်ပွဲကျင်းပရာ အားကစားကွင်းသို့်ဆက်လက်ချီတက်နေရာယူပေးကြပါရန်

No comments:

Post a Comment