ရွှေကုက္ကိုဖူဆယ်ကလပ် ပြိုင်ပွဲများတွင် အုပ်စုတက်ရန် အဆုံးအဖြတ်ပေးမည့် ပွဲစဉ်များမှစ၍ ပွဲအပြီးထိ လုံခြုံရေးနှင့် ဗွီဒီယိုရိုက်ကူးမှု့များ တိုးချဲ့ထားရှိနေရသည်။ အားပေးမှု့များ အပြိုင်အဆိုင်ရှိလာပြီး ပရိတ်သတ်များ၏ အနိုင်ယူလိုမှု့၊ အသင်းအပေါ်ထားရှိသော စိတ်များ ပိုမိုပြင်းထန်လာသဖြင့် ဂိုးဧရိယာများတွင် ဗွီဒီယိုမှတ်တမ်းများ၊ ကစားသမားများ၏ ဗွီဒီယိုမှတ်တမ်းများထားရှိသည့်အပြင် ပရိတ်သတ်များအတွင်းတွင် လျှိုဝှက်ကင်မရာများလည်း ထားရှိရသည်။ ၄င်းလျှိုဝှက်ကင်မရာများမှာ ပရိတ်သတ်များကိုင်ဆောင်ထားသော အန္တရာယ်ဖြစ်စေမည့် တုတ်၊ ဓါး၊ လေးခွများ ကိုင်ဆောင်တွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းထားကာ ကြိုတင်ဆောင်ရွက်မှု့များ ပြုလုပ်သွားမည်ဖြစ်သည်။
No comments:
Post a Comment