Tuesday, December 31, 2013

Page View ပရိတ်သတ်များ မင်္ဂလာပါ

Happy New Year မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ရွှေကုက္ကိုဖူဆယ်ကလပ်မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ရှုံး/ထွက် ပွဲစဉ်များ ကျင်းပမည့် ယနေ့အတွက် ငြိမ်းချမ်းစွာယှဉ်ပြိုင်နိုင်ကြပါစေလို့လည်း ထပ်ဆင့်ဆုမွန်ကောင်းပေးအပ်ပါသည် မင်္ဂလာပါ ပရိတ်သတ်

လက်ပုကန် ကစားသမား အရမ်းကြမ်း



လက်ပုကန်အသင်းကစားသမားတစ်ဦးသည် ချမ်းစိမ့် နောက်တမ်းကစားသမားတစ်ဦးအား တစ်တောင်ဖြင့် ထိုး၍ အပြင်းအထန်ကစားပေါက်ကြမ်းသော မြင်ကွင်းတစ်ခုအား ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီသည် မှတ်တမ်းဗွီဒီယိုများထဲမှ ဆွဲထုတ်ကြည့်ရှု့၍ ၄င်းအဖြစ်မျိုး နောက်နောင်မဖြစ်ပေါ်ရန် ကစားသမားများအား အထူးသတိပေးဖို့ နာယကဆရာတော်များမှ ကော်မတီသို့ တိုက်တွန်း

လျှိုဝှက် ကင်မရာများထားရှိရ

ရွှေကုက္ကိုဖူဆယ်ကလပ် ပြိုင်ပွဲများတွင် အုပ်စုတက်ရန် အဆုံးအဖြတ်ပေးမည့် ပွဲစဉ်များမှစ၍ ပွဲအပြီးထိ လုံခြုံရေးနှင့် ဗွီဒီယိုရိုက်ကူးမှု့များ တိုးချဲ့ထားရှိနေရသည်။ အားပေးမှု့များ အပြိုင်အဆိုင်ရှိလာပြီး ပရိတ်သတ်များ၏ အနိုင်ယူလိုမှု့၊ အသင်းအပေါ်ထားရှိသော စိတ်များ ပိုမိုပြင်းထန်လာသဖြင့် ဂိုးဧရိယာများတွင် ဗွီဒီယိုမှတ်တမ်းများ၊ ကစားသမားများ၏ ဗွီဒီယိုမှတ်တမ်းများထားရှိသည့်အပြင် ပရိတ်သတ်များအတွင်းတွင် လျှိုဝှက်ကင်မရာများလည်း ထားရှိရသည်။ ၄င်းလျှိုဝှက်ကင်မရာများမှာ ပရိတ်သတ်များကိုင်ဆောင်ထားသော အန္တရာယ်ဖြစ်စေမည့် တုတ်၊ ဓါး၊ လေးခွများ ကိုင်ဆောင်တွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းထားကာ ကြိုတင်ဆောင်ရွက်မှု့များ ပြုလုပ်သွားမည်ဖြစ်သည်။

A နှင့် B၊ C နှင့် D


Page View ပရိတ်သတ်များအား တောင်းပန်ခြင်း

ရွှေကုက္ကို Futsal Club page အား အားပေးကြည့်ရှု့ကြသော ပရိတ်သတ်များအတွက် သတင်းအသစ်များနှင့် ဂိုးရလဒ်များ update မလုပ်နိုင်သော နေ့များအတွက် ဒီ page မှ တောင်းပန်လိုက်ပါတယ်။  website တာဝန်ခံများ၏ ကျန်းမာရေးနှင့် အင်တာနက် လိုင်းအခက်အခဲများကြောင့် နောက်ကျနေခြင်းဖြစ်ပါသည်။ ရှုံး/ထွက်အဆင့်မှ ဗိုလ်လုပွဲအထိ အကောင်းဆုံး တင်ပြပေးမည်ဖြစ်ပါကြောင်း PAGE VIEW ပရိတ်သတ်များအတွက် သတင်းကောင်းပါးအပ်ပါသည်။

ဂျူးဂျူးအသင်း ပိုမိုအားထည့်လာနိုင်

ဂျူးဂျူးအသင်းသည် ရှုံးထွက်အဆင့်တွင် ရွှေကုက္ကိုလူငယ်အသင်းနှင့် တွေ့မည်ဖြစ်သဖြင့် အသင်းပိုင်ရှင်နှင့် တိုက်စစ်မှူးကျေးကြီးတို့ ဂိုးသွင်းလျှင်အောင်ပွဲခံမည်မဟုတ်သော်လည်း အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အရေးကြုံလျှင် အကောင်းဆုံးကြိုးစားတက်သော ရွှေကုက္ကိုအသင်းအား အထင်မသေးကြောင်း၊ ကစားသမားများပွဲပမ်း၍ ရွှေလင်းအိမ်နှင့်ပွဲအား သွားရောက်မယှဉ်ပြိုင်ခဲ့ရသဖြင့် ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီသို့ တောင်းပမ်ကြောင်းတို့ကို အသင်းစပွန်ဆာပိုင်ရှင် ကိုရဲနောင်စိုးမှ ဖုန်းဆက်ပြောကြားခဲ့

ပရိတ်သတ်အတွက် အကောင်းဆုံးသက်သေပြခဲ့တဲ့

 ကံရိုးအသင်းပရိတ်သတ်များသည် ၄င်းတို့၏အသင်း အုပ်စုမှ တက်ရန် ဖိအားပေးဆိုင်းဘုတ်များဖြင့် အားပေးသဖြင့် အသင်းကစားသမားများ အပြင်းအထန်ကြိုးစားခဲ့ရပြီး ပြိုင်ဘက်အသင်းများကို နောက်မှလိုက်၍ ချေပဂိုးနှင့်အနိုင်ဂိုးများသွင်းပြီး အောင်ပွဲခံကြသည်

အင်းကန်အသင်း၏ ဂိုးသွင်းဘုရင်


အင်းကန်အသင်းသည် ဗိုလ်လုပွဲအထိ တက်ရမည်ဟု ပရိတ်သတ်များ ထင်ကြေးပေးသော စာရင်းတွင်ပါရှိနေပြီး ကံရိုးအသင်းအား ရှုံး/ထွက်အဆင့်တွင် ဂိုးပြက်အနိုင်ယူသွားရန် အသင်းကစားသမားများနှင့် ဂိုးသွင်းအများဆုံးကစားသမားမှ ကြုံးဝါး

ဦးလေးကြီးအသင်း ရှုံးပွဲမရှိ စံချိန် ပျက်သွားသော်လည်း


ဦးလေးကြီးအသင်းသည် အိုးဘိုအသင်းအား ၁ - ၀ ဖြင့် ရှုံးနှိမ့်သွားကာ ရှုံးပွဲမရှိစံချိန် ပျက်သွားသော်လည်း အုပ်စုဗိုလ်ဖြင့် တက်ရ၍ အပြုံးမပျက်ရှိနေသော ၄င်းအသင်း စပွန်ဆာပိုင်ရှင်နှင့် ပရိတ်သတ်များ

Saturday, December 28, 2013

အုပ်စုမှ နှုတ်ဆက်သွားသော IOGATE အသင်း

 အုပ်စု D မှ နှုတ်ဆက်သွာြး့ပီ ဖြစ်တဲ့ iogate အသင်းသည် မင်းမအသင်းအား ၂-၁ ဖြင့် ရှုံးနှိမ့်သွားကာ ရွှေကုက္ကိုဖူဆယ်ကလပ်မှ လက်ကျန်ပွဲစဉ်များအား ဆက်လက် မပြိုင်ဆိုင်လိုတော့ကြောင်း အသင်းခေါင်းဆောင် ကိုအောင်လှိုင်ဝင်းမှ ပြောသွားသည်။ လာမည့် ၂၀၁၄-၂၀၁၅ ဖူဆယ်ရာသီတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၄င်းအသင်းကစားသမားများ ပြောကြားခဲ့

Wednesday, December 25, 2013

လွတ်လပ်ရေးနေ့ ဗိုလ်လုပွဲ

ရွှေကုက္ကိုဖူဆယ်ကလပ်တွင် ပါဝင်ယှဉ်ပြိုင်သော အသင်းများ များနေသဖြင့် လွတ်လပ်ရေးနေ့ ဗိုလ်လုပွဲကျင်းပနိုင်ရန် ပွဲစဉ်များရှေ့တိုးကာ ကျင်းပနေရသည်။ တစ်နေ့ (၃)ပွဲ ကျင်းပရာမှ (၅)ပွဲ၊ (၆)ပွဲအထိ ကျင်းပရသည်။ အုပ်စုကို(၃၀)ရက်နေ့ ပြီးမြောက်အောင် ကျင်းပသွားမည်ဖြစ်ပြီး (၃၁)ရက်နေ့  ပြိုင်ပွဲများ ရပ်နားကာ ဇန်န၀ါရီ (၁)ရက်နေ့ ရှုံးထွက်ပွဲ(၄)ပွဲနှင့် ဇန်န၀ါရီ(၂)ရက် အကြိုဗိုလ်လု ဆက်တိုက် ကျင်းပသွားမည်ဖြစ်သည်။ ဇန်န၀ါရီ (၃)ရက်နေ့ အနားပေးကာ ဇန်န၀ါရီ (၄)ရက် လွတ်လပ်ရေးနေ့တွင် ဗိုလ်လုပွဲအား ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေကုက္ကိုဖူဆယ်ဘောလုံး ကော်မတီအဖွဲ့ ကြေငြာ

နည်းပြရှိသော အသင်း

ရွှေကုက္ကိုဖူဆယ်ဘောလုံးပြိုင်ပွဲတွင် နည်းပြ၏ လမ်းညွန်ချက်ဖြင့် ပွဲထွက်သော အသင်းမှာ သပြေကုန်းအသင်း တစ်သင်းတည်းသာရှိသည်ဟု နာမည်ကြီးနေကာ ပွဲထွက်ကစားသမားများ၏ ရှေ့တွင် စာရွက်တစ်ရွက်၊ ဘောပင်တစ်ချောင်းဖြင့် အလုပ်ရှုပ်နေသော သပြေကုန်းနည်းပြ

အားမာန်သစ်အသင်း အုပ်စုတွင်ပင် နှုတ်ဆက်လိုက်ပြီ

အားမာန်သစ်အသင်းသည် တတိယပွဲ ရှုံးပြီး အုပ်စုမှ လက်ပြနှုတ်ဆက်သွားခဲ့သည်။ အားမာန်သစ်နှင့် ရွှေကုက္ကိုအသင်းတို့ ကစားသောပွဲသည် နှစ်ဖက်ပရိတ်သတ်များ အကြိုက်တွေ့ခဲ့ပြီး ယှဉ်ပြိုင်မှု့ ညီမျှသော အသင်းနှစ်သင်းဖြစ်ကာ နောက်ဆုံးတွင် အဆုံးသတ်ကောင်းသော ရွှေကုက္ကို အသင်းမှ အနိုင်ရသွားခဲ့သည်။ အားမာန်သစ်အသင်းသည် လူငယ်လေးများဖြင့် ဖွဲ့စည်းမှု့လှပသော အသင်းဟု လူတိုင်းနားလည်ထားသော်လည်း ယခုနှစ် ၂၀၁၃-၂၀၁၄ ဖူဆယ်ရာသီတွင် နည်းပြ ကိုမောင်ဦး နှုတ်ထွက်သွား၍ အုပ်စုမတက်ဟု မှတ်ချက်ပြုနေကြသည်။ နည်းပြ ကိုမောင်ဦးသည် ၄င်းပါဝင်ခဲ့သော အားမာန်သစ်အသင်း၏ သမိုင်းတလျှောက်တွင် အုပ်စုမှ အမြဲတမ်းတက်ခဲ့ပြီး မိမိအသင်းတွက်ဆို ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီသို့ စောဒကအများဆုံး နည်းပြစာရင်းဝင်ဖြစ်ခဲ့သည်။

ရွှေကုက္ကိုအသင်း၏ အားဆေးတစ်ခွက်

ရွှေကုက္ကိုအသင်းသည် နွားကူးအသင်းနှင့် ယှဉ်ပြိုင်သော ရှုံးပွဲတွင် တိုက်စစ်မှူး နိုင်လင်း မပါဝင်နိုင်သောကြောင့် ၄င်းအသင်းသားများ စိတ်အားငယ်ခြင်းဖြစ်ခဲ့သလားပင် ထင်ရသည်။ ၂၅ ရက်နေ့ အားမာန်သစ်နှင့် ယှဉ်ပြိုင်သော နိုင်ပွဲတွင် တိုက်စစ်မှူးနိုင်လင်းသည် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း အသင်းကစားဖော်များ အားရှိစေရန် ပွဲထွက်ကစားသွားကာ ၄င်းအသင်းသားများ၏ လှုပ်ရှားတက်ကြွမှု့များ မယုံနိုင်လောက်အောင်ဖြစ်ကာ ၁ - ၀ နိုင်၍ အုပ်စုတက်ရန် အလားအလာကောင်း များ ရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပရိတ်သတ်များပင် ပျော်ရွှင်နေကာ အစ်ကိုကြီး နိုင်လင်းဟာ ကျွန်တော်တို့အတွက် အားဆေးတစ်ခွက်ပါလို့ ကစားအားကောင်းသော သူသူအောင်မှ ပွဲပြီးညတွင် ပြောသွားခဲ့

Tuesday, December 24, 2013

မြင်းပြိုင်ပွဲ ပါသလားလို့မမေးနဲ့


ရွှေကုက္ကိုဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြင်းပြိုင်ပွဲဝင်ရန် လာကြသည်ဟု ထင်ရလောက်အောင်ပင် ဘောလုံးပွဲပရိတ်သတ်များ မြင်းများဖြင့်ပင် လာရောက်ကြည့်ရှု အားပေးကြသည်။

ဂျူးဂျူးအသင်း ရွှေကုက္ကိုဖူဆယ်ဖလားမရနိုင်ဟုဆို


ရွှေကုက္ကိုဖူဆယ်ကလပ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကြသော အသင်းများထဲတွင် ဂျူးဂျူးအသင်းသည် ဖလားရနိုင်သည်ဟု သတင်းများထွက်နေသော်လည်း မဖြစ်နိုင်ကြောင်း၊ မလွယ်ကူကြောင်း ၀ါရင့်ဘောလုံးကစားသမားတစ်ဦးမှ ပြောသွား

ချမ်းစိမ့်အသင်းကစားသမားများ အကောင်းဆုံးအနေထားသို့ရောက်ရှိနေ

 
ချမ်းစိမ့်အသင်း၏ အကောင်းဆုံး အထောင်တိုက်စစ်မှူး ဖိုးသားလေး

ချမ်းစိမ့်အသင်း၏ အကောင်းဆုံး တိုက်စစ်အတွဲ

ပခုက္ကူမြို့၊ ကံမချမ်းစိမ့်ဆေးတိုက်မှ စပွန်ဆာပေးထားသော ချမ်းစိမ့်ဖူဆယ်အသင်းသည် ယနေ့ ၂၄ ရက်နေ့ ရွှေကုက္ကိုဖူဆယ်ကလပ်တွင် မြကုန်းအသင်းဖြင့် ပြိုင်ဆိုင်ရာ ၁၀-၁ ဂိုးဖြင့် အနိုင်ရသွားကာ အုပ်စုပထမဖြင့် တက်နိုင်ရန် အကောင်းဆုံးဖြစ်နေပြီဟု ပရိတ်သတ်များ အပြင်းအထန်အားပေးနေ

ဖူဆယ်ဘောလုံးဖွင့်ပွဲ အခမ်းအနား


၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော 
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အကြိုကျင်းပသော ရွှေကုက္ကိုဖူဆယ်ဘောလုံး ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုနေသော လွှတ်တော်ကိုယ်စာလှယ်ကြီးများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘောလုံးပြိုင်ပွဲဝင်အသင်း အားကစားသမားများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့

ရွှေကုက္ကိုအသင်းပရိတ်သတ် အားငယ်နေ


ရွှေကုက္ကိုအသင်းသည် နွားကူးအသင်းအား ဒုတိယပွဲအစဉ် ၅-၁ ဖြင့် ရှုံးနှိမ့်ခဲ့သဖြင့် ၄င်းအသင်းပရိတ်သတ်များ ၀မ်းနည်းကြေကွဲ၍ အုပ်စုမတက်မှာကိုပင် စိုးရိမ်နေ

ဇွဲညီနောင် အုပ်စုတက်ရန် ဇွဲမလျော့


ဇွဲညီနောင်အသင်းသည် ၂ ပွဲကစား ၁ပွဲနိုင် ၁ပွဲရှုံးဖြင့် ၃ မှတ်ရထားကာ အုပ်စုတက်နိုင်သည်။ ဇွဲမလျော့ဘဲ နွယ်ရှောက်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၂-၁ ဖြင့်အနိုင်ရသွားပြီး ပရိတ်သတ်များအောင်ပွဲခံနေကြကာ ကျန်ပွဲများအားလုံး နိုင်ခဲ့ပါက အုပ်စုတက်နိုင်သဖြင့် ဆက်လက်ကြိုးစားသွားရမည်ဖြစ်ကြောင်း ၄င်းအသင်းကစားသမားများအား ပရိတ်သတ်များတိုက်တွန်း

ဦးလေးကြီးအသင်း၏ တိုက်စစ်အတွဲ

ဦးလေးကြီးအသင်း၏ တိုက်စစ်အတွဲမှာ အကောင်းဆုံးတိုက်စစ်အတွဲအဖြစ် သတင်းများထွက်ပေါ်နေကာ ကံရိုးအသင်းအား ၃-၀ ဖြင့် နိုင်သောပွဲတွင် အောင်ပွဲခံနေသော အနေအထားတွေ့ရသည်။

Monday, December 23, 2013

နွားကူးအသင်း ကစားသမားများ မည်သူတွေလော

ရွှေကုက္ကိုအသင်းအား ဂိုးပြက်ဖြင့် အနိုင်ယူသွားသော နွားကူးအသင်းကစားသမားများမှာ ရွှေကုက္ကိုဖူဆယ် ကလပ်၏ ၂၀၁၂-၂၀၁၃ ခုနှစ် ဖူဆယ်ရာသီ၏ ဒုတိယဆုကို ယူသွားသော ကစားသမားများဖြစ်နေပြီး ၂၀၁၂-၂၀၁၃ ခုနှစ် ရွှေကုက္ကိုဖူဆယ်ကလပ်မှ ရွေးချယ်ပေးထားသော ကစားသမားကောင်း ကျော်မင်းထွန်း ပါဝင်

ရွှေကုက္ကိုဖူဆယ်အသင်း အုပ်စုတက်ရန် ခက်ခဲ

ရွှေကုက္ကိုအသင်း၏ အဓိကရှေ့တန်းတိုက်စစ်မှူး နိုင်လင်း ဒဏ်ရာအပြင်းအထန်ကြောင့် ပွဲထွက်မကစားနိုင်သော ပွဲစဉ်တစ်ခုတွင် ဂိုးပြက်ရှုံးနှိမ့်ခဲ့သဖြင့် အုပ်စုတက်ရန်ပင် ခက်ခဲနိုင်

ပရိတ်သတ်အကြိုက်ဆုံးပွဲစဉ်တစ်ခု

၂၃ ရက်နေ့ ပွဲစဉ် (၂)အဖြစ် ယှဉ်ပြိုင်သော ဦးလေးကြီးအသင်းနှင့် ကံရိုးအသင်းတို့၏ ပြိုင်ဆိုင်မှု့သည် ပရိတ်သတ်များ၊ ကွင်းလယ်ဒိုင်နှင့် မှတ်တမ်းဒိုင်တို့ပင် မေ့မျှောလောက်အောင် အကောင်းဆုံးကစား သွားခဲ့ပြီး ကျင်းပပြီးသော ပွဲစဉ်များတွင် အကောင်းဆုံးပွဲဖြစ်ခဲ့သည်။

Sunday, December 22, 2013

ပရိတ်သတ်အများဆုံး ပွဲစဉ်လော

၂၀၁၃-၂၀၁၄ ရွှေကုက္ကိုဖူဆယ်ကလပ်၏ ၂၃ ရက်နေ့ ပွဲစဉ် (၂)တွင် ယှဉ်ပြိုင်မည့် ဦးလေးကြီးအသင်းနှင့် ကံရိုးအသင်းတို့ ပွဲစဉ်သည် ပရိတ်သတ်အများဆုံး ပွဲစဉ်ဖြစ်လာမည်ဖြစ်သည်၊ ကံရိုးအသင်းသည် ဦးလေးကြီးအသင်းအား နိုင်လျှင် အုပ်စုဗိုလ်ဖြင့် တက်ရမည်ဖြစ်သောကြောင့် ပရိတ်သတ်များမှာ ကားများ၊ ဆိုင်ကယ်များဖြင့် ကံရိုးရွာ တစ်ရွာလုံး လာရောက်အားပေးမည်ဟု သတင်းများထွက်ပေါ်နေ

ချမ်းစိမ့်အသင်း ပိုမိုအားကောင်း

ချမ်းစိမ့်အသင်း၏ ကစားသမားကောင်းများ ပိုမိုတောင့်တင်းလာသဖြင့် အုပ်စုဗိုလ် တက်နိုင်ရန် အကောင်းဆုံးကြိုးစားလာနိုင်ပြီး ဂျူးဂျူးအသင်းနှင့် ဆုံတွေ့မှု့သည်သာ အဓိကဖြစ်ကြောင်း၊ ဂျူးဂျူးအသင်းကို အနိုင်ကစားသွားမည်ဖြစ်ကြောင်းနှင့်  ကစားကွက်များ ဖော်ဆောင်နိုင်ရန် အသင်းသားများ ကြိုတင်လေ့ကျင့်မှု့များ အပြင်အထန်ပြုလုပ်နေ

နောက်ဆုံးစာရင်းဝင်အသင်း အသန့်ရှင်းဆုံးဆုကို ရရှိနိုင်

၂၀၁၃-၂၀၁၄ ခုနှစ် ရွှေကုက္ကိုဖူဆယ်ကလပ်တွင် ၀င်ရောက်ယှဉ်ပြိုင်သော နောက်ဆုံးအသင်းဝင်စာရင်း အမှတ်(၂၃)ကို ယူထားသော မင်းမ(ရှေ့)အသင်းသည် လက်ရှိချန်ပီယံအား ပထမပိုင်း ၂-၀ ဖြင့် ရှုံးနေသော်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် တစ်ချိန်လုံး အေးအေးဆေးဆေး ကစားကာ နောက်ဆုံးတွင် ၂-၃ ဖြင့် အနိုင်ယူသွားသည်အပြင် ပြစ်ဒဏ်ဘောအနည်းဆုံးစာရင်းတွင် ထိပ်ဆုံးမှာ နေရာယူထားသည်။

ကစားအားကောင်းပြီး တစ်သင်းလုံးညီသည့် လျှပ်စစ်အသင်း

ရွှေကုက္ကိုဖူဆယ်ကလပ်၏ Top Three စာရင်းဝင်တစ်သင်းဖြစ်သည့် အင်းကန်အသင်းသည် မြိုင်စည်အသင်းအား ဂိုးပြက်အနိုင်ယူကစားသွားကာ လျှပ်စစ်အသင်းဟုပင် နာမည်ကြီးနေသည်။ တစ်သင်းလုံးကစားအားနှင့် ညီညွှတ်မှု့တို့မှာ အံ့မခန်းပင်၊ ထို့ကြောင့် ရွှေကုက္ကိုဖူဆယ်ကလပ်တွင် အကောင်းဆုံးအသင်းဟု နာမည်ကြီးနေသော ဂျူးဂျူးအသင်းအား ယှဉ်ပြိုင်နိုင်သည့် အနေထားတွင် အကောင်းဆုံးဖြစ်နေပြီဟု ၀ါရင့်ကစားသမားတစ်ဦး ပြောသွား

Saturday, December 21, 2013

ပွဲကြိုတစ်ပွဲ ကျင်းပမည်

၂၃ ရက်နေ့တွင် ကျင်းပရန် ရေးဆွဲထားသော အင်းကန်အသင်းနှင့် မြိုင်စည်အသင်းတို့ ယနေ့ ၂၂ ရက်နေ့ ပွဲစဉ် (၃)တွင် ပြိုင်ဆိုင်မည်ဖြစ်သည်

ဇန်န၀ါရီ ၄ ရက်နေ့ ဗိုလ်လုပွဲ ကျင်းပနိုင်မည်လား

၂၀၁၃-၂၀၁၄ ခုနှစ် ရွှေကုက္ကိုဖူဆယ်ဘောလုံးပွဲတွင် ပါဝင်ယှဉ်ပြိုင်သော အသင်းများ ၂၃ သင်းရှိရာ အုပ်စု ပတ်လည်တွင် ပွဲစဉ်စုစုပေါင်း ၅၅ ပွဲ ပြီးမြောက်ရန် ကော်မတီအဖွဲ့မှ ပွဲစဉ်များရှေ့တိုး၍ ဒီဇင်ဘာ ၂၅ရက်မှစ၍ တစ်နေ့ ၅ ပွဲ ကျင်းပရန်အတည်ပြု

မိန်းကလေး ဖူဆယ်ဘောလုံးပွဲ ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၏ ပုလဲမြို့၊ မြို့မဈေးအတွင်းတွင် ဈေးရောင်းပွဲတော်နှင့်အတူ မိန်းကလေးဖူဆယ်ဘောလုံးပွဲ ကျင်းပပြုလုပ်မည် ဖြစ်သည်။ ပြိုင်ပွဲကို ဒီဇင်ဘာ နောက်ဆုံးအပတ်တွင် ကျင်းပသွားမည်ဖြစ်၍ အသင်းဝင်လိုသော အသင်းများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။

နွယ်ရှောက်အသင်းမှ ရာဇာမိုးအသင်းအား ဂိုးပြက်နိုင်

၂၁ ရက်နေ့ ရွှေကုက္ကိုဖူဆယ်ဘောလုံးပြိုင်ပွဲ၏ ဒုတိယပွဲစဉ်အဖြစ်ကစားသော နွယ်ရှောက်အသင်းနှင့် ရာဇာမိုးအသင်းတို့ကစားရာ နွယ်ရှောက်အသင်းမှ ၄-၁ ဖြင့် ဂိုးပြက်အနိုင်ရရှိသွားသည်။ ထို့ကြောင့် နွယ်ရှောက်အသင်းသည် အုပ်စုတတ်ရန် အလားလာကောင်းများရှိနေပြီး အုပ်စုတတ်ရန် ပထမဆုံးအရေးကြီးကြောင်းနှင့် ဆက်လက် အကောင်းဆုံးကြိုးစားသွား မည်ဖြစ်ကြောင်း နွယ်ရှောက်အသင်း ကစားသမားများ ၄င်းကျေးရွာ၏ ဘုရားပွဲတွင် နာယကဆရာတော်များအား ပြောပြခဲ့

ဦးလေးကြီး ရှေ့တန်းတိုက်စစ်အတွဲ နာမည်ကြီး

ဦးလေးကြီးဖူဆယ်ဘောလုံးအသင်း၏ ရှေ့တန်းတိုက်စစ်အတွဲနှင့် နောက်တန်း၊ ဂိုးသမားတို့မှာ ရွှေကုက္ကို ဖူဆယ်ကလပ်၏ ၂၀၁၃-၂၀၁၄ ဖူဆယ်ချန်ပီယံဖြစ်ရန် ရေပန်းစားဆုံး   ဖြစ်လာနိုင်သည်။ ဖြစ်လာနိုင်မှု့အကြောင်းများဖန်တီး လာမှု့မှာ ၄င်းအသင်း ရှေ့တန်းတိုက်စစ်အတွဲ၏ ဖူဆယ်ဘောလုံးသမားများပီပီ ဘောလုံးကန် နည်းစနစ်မှန်ကန်စွာ ကစားခြင်းတို့ကြောင့် ရွှေကုက္ကိုဖူဆယ်ကလပ်၏ Top Three စာရင်းဝင်များအတွက် သတိထားစရာဖြစ်လာသည်။

ပထမဆုံး ပွဲပျက်သော ပွဲစဉ်တစ်ခု

၂၁ ရက်နေ့တွင် ရွှေကုက္ကိုဖူဆယ်ကလပ်ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ် (၃)အဖြစ် ကစားသော ယုခမ်းအသင်းနှင့် ချမ်းစိမ့်အသင်းတို့မှာ နှစ်ဖက်အသင်းသားအချို့၏ ကစားသမားများမှာ အသင်းအပေါ်သစ္စာမရှိမှု၊ အသင်းသားအချို့အား ကြုံးဝါးမှုနှင့် လုပ်ပွဲကစားလိုမှု့တို့အပြင် ပဋိပက္ခဖန်တီးလိုမှု့များ ရှိနိုင်သဖြင့် ၄င်းအသင်းနှစ်သင်း၏ စပွန်ဆာပေးသော အသင်းပိုင်ရှင်များမှာ အသင်းနှစ်သင်းမှ အသင်းသားအချို့အား အပြီးထုတ်၍ ပထမပိုင်း ၃-၃ ဖြင့် ရပ်နားထားလိုက်သည်။ စပွန်ဆာပေးသော အသင်းပိုင်ရှင်များမှာ စေတနာဖြင့် ပြုလုပ်ပေးသော်လည်း ကစားသမားအချို့၏ အားကစားစိတ်ဓာတ် မရှိမှုတို့ကို ပွဲကြည့်ပရိတ်သတ် စိတ်ပျက်နေ

ဂျူးဂျူးအသင်း အရံကစားသမားဖြင့် ပွဲထွက်နိုင်

မုံရွာ ဂျူးဂျူးဖူဆယ်အသင်းသည် ယနေ့ မြကုန်းအသင်းဖြင့် ကစားမည့်ပွဲတွင် အဓိကကစားသမား (၃)ဦးနှင့် ရှေ့တန်းတိုက်စစ်မှူး ကျေးကြီးတို့ မပါဝင်နိုင်၊ အရံကစားသမားဖြင့် ပွဲထွက်လာနိုင်

Friday, December 20, 2013

အုပ်စုတက်အခြေအနေ

၂၀၁၃-၂၀၁၄ ခုနှစ် ရွှေကုက္ကိုဖူဆယ်ကလပ်တွင် ပြိုင်ပွဲဝင်အသင်းများအား အုပ်စုခွဲလိုက်ရာ (၄)အုပ် သတ်မှတ်နိုင်ခဲ့သည်။ တစ်အုပ်စုလျှင် ၂ သင်းတက်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကာ အုပ်စုပတ်လည် ကန်ပြီး အမှတ်အများဆုံးအသင်းအား ရွေးချယ်မည်ဖြစ်သည်၊ အမှတ်တူနေပါက တွေ့ဆုံမှု့ကို ကြည့်မည်၊ တွေ့ဆုံမှု့တွင် သရေကျနေပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အသင်းဝင် များသိရှိနိုင် ကော်မတီမှ ကြေငြာလိုက်သည်

ရွှေကုက္ကိုဖူဆယ်ကလပ် ကော်မတီအဖွဲ့

ရွှေကုက္ကိုဖူဆယ်ကလပ်၏ ပြိုင်ပွဲဝင်စာရင်းတွင် အုပ်စု (A) အသင်းစာရင်းထက်တိုးနိုင်

၂၀၁၂-၂၀၁၃ ခုနှစ် ရွှေကုက္ကိုဖူဆယ်ဘောလုံးကလပ်တွင် ပြိုင်ပွဲဝင်စာရင်း ၂၃ သင်းရှိရာမှ ၂၄ အထိရောက်ရှိနိုင်ကြောင်း ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် အတိအကျစာရင်းထွက်ပေါ်မည် အကယ်၍ တစ်သင်းထက်တိုးခဲ့ပါက ၄င်းအသင်းအား လက်ရှိ ၅ သင်းအုပ်စု (A) ထဲသို့ ထည့်သွင်းသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲကော်မတီမှ ကြေငြာလိုက်သည်

အသင်းဟောင်းနှင့်မတွေ့လို

ဂျူးဂျူးကလပ်အသင်းမှ ရှေ့တန်းတိုက်စစ်မှူး ကျေးကြီး သည် အသင်းဟောင်း ဦးလေးကြီးအသင်းနှင့် မဆုံတွေ့လိုကြောင်း၊ အကယ်၍ အသင်းဟောင်း ဦးလေးကြီးအသင်းနှင့် ဆုံတွေ့ပြီး ဂိုးသွင်းခဲ့ပါက အောင်ပွဲမခံဟုဆို

ရွှေကုက္ကိုအသင်း၏ ရှေ့တန်းတိုက်စစ်မှုဒဏ်ရာရ

ရွှေကုက္ကိုအသင်းသည်ယနေ့ကစားသွားသော ကစားကွက်များမှာ အရမ်းကောင်းမွန်ပြီး အသန့်ရှင်းဆုံးဆုနှင့်အတူ ပေးဂိုးမရှိစံချိန်ယူရန် နောက်တန်းကစားသမားများ မျှော်လင့် ထားကာ ရှေ့တန်းတိုက်စစ်မှု့ နိုင်လင်း ဒဏ်ရာရရှိသွားကာ ရာသီကုန်အထိ အနားယူရဖွယ်ရှိ

ကံရိုးအသင်းနှင့် အိုးဘိုအသင်းတို့ ပွဲကြိုအဖြစ် ယနေ့ ပြုလုပ်

ကံရိုးအသင်းနှင့် အိုးဘိုအသင်းတို့မှာ ပွဲစဉ်ဇယားကို ရက်စွဲမှားပြီး ကြည့်မိသဖြင့် နှစ်သင်းလုံး လာရောက်ကြရာ ပြိုင်ပွဲကော်မတီမှ ဆုံးဖြတ်၍ နှစ်သင်းလုံး သဘောတူညီမှုရှိမရှိ မေးမြန်ကာ သဘောတူညီမှုရ၍ ပြိုင်ပွဲအား ကျင်းပပြုလုပ်လိုက်သည်

Thursday, December 19, 2013

Live Score ကြည့်ရန်

ဘောလုံး Live Score ကြည့်ရန် Live Score Tab သို့သွား၍ ကြည့်နိုင်သည်

စပွန်ဆာများကြောင့် ဘောလုံးအားပေးမှု့နှင့်ရသများ ပိုမိုအားကောင်းလာနိုင်

ရွှေကုက္ကိုဖူဆယ်ကလပ်တွင်  လက်ရှိချန်ပီယံခေါ်သန္တီ(ခ)ပုံတောင်သားနှင့် ဂျူးဂျူးအသင်းတို့၏ Sponsor ပိုင်ရှင်များမှာ မောင်နှမအရင်းများဖြစ်ကြသောကြောင့် ဂျူးဂျူးအသင်း Sponsor ပိုင်ရှင် အသင်းခေါင်းဆောင် ကိုရဲနောင်စိုးသည် ၄င်း၏အစ်မ Sponsor ပေးသည့် လက်ရှိချန်ပီယံ ပုံတောင်သားအသင်းအား ဂိုးပြက်အနိုင်ယူသွားသော အင်းကန်အသင်းနှင့် ရှုံးထွက်အဆင့်တွင် တွေ့လိုကြောင်း သတင်းများ ထွက်ပေါ်

ချမ်းစိမ့်ကစားသမား ဝေဖြိုးအောင် ဖူဆယ်ရာသီကုန်အထိ ပွဲပယ်ခံရ

ချမ်းစိမ့်ဖူဆယ်အသင်းမှ ကစားသမား ဝေဖြိုးအောင်သည် ၁၈ ရက်နေ့ ဖွင့်ပွဲရက် ဒုတိယပွဲစဉ်အဖြစ် ကစားသောပွဲတွင် ရွှေလင်းအိမ်အသင်းကစားသမားတစ်ဦးနှင့် ချမ်းစိမ့်အသင်း ကစားသမားတို့ ကွင်းလယ်မြောက်ဘက်လိုင်စည်းဘေး ဘောလုံးလုရာမှ ချမ်းစိမ့်ကစားသမားအသင်းဖော်တစ်ဦး မတော်တစ်ဆခြေထောက်အား ကန်မီသည်ကို  ကွင်းလယ်ဒိုင်က ခရာမှုတ်ဖမ်းလိုက်ချိန်အတွင်း ဝေဖြိုးအောင်သည် နောက်တန်းမှ ပြေလာပြီး လက်တီးဖြင့်ထိုးလိုက်သောကြောင့် ကွင်းလယ်ဒိုင် ဦးအောင်မြတ်ခိုင်မှ တိုက်ရိုက်အနီကဒ်ပြ၍ ထုတ်ပြစ်လိုက်သည်။ ပြိုင်ပွဲ၏ စည်းကမ်းချက်များအရ တိုက်ရိုက်အနီထိလျှင် (၂)ပွဲ နားရမည်ဖြစ်သော်လည်း ဝေဖြိုးအောင်၏ လုပ်ရပ်များကို ကွင်းလယ်ဒိုင်၊ အကူဒိုင်၊ မှတ်တမ်းဒိုင်နှင့် ပွဲကြည့်ပရိတ်သတ်များ မြတ်မြင်ဖြစ်ခဲ့ပြီး  ၄င်းသည် ပြိုင်ပွဲအား ပဋိပက္ခဖန်တီးသူဖြစ်လာနိုင်သဖြင့် ယခုနှစ် ၂၀၁၃-၂၀၁၄ ဖူဆယ်ရာသီကုန်အထိ ချမ်းစိမ့်အသင်း၏ ပွဲထွက်ကစားခွင့်စာရင်းတွင် လက်ခံတော့မည် မဟုတ်ကြောင့် ရွှေကုက္ကိုဖူဆယ်ကလပ် နာယကဆရာတော်များမှ ဆုံးဖြတ်လိုက်သည်။

အကောင်းဆုံးကစားသွားသော အင်းကန်အသင်း

ရွှေကုက္ကိုဖူဆယ်ကလပ်တွင် ယနေ့ ၁၉ ရက်နေ့တွင် ပထမဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြသော လက်ရှိချန်ပီယံ ခေါ်သန္တီ(ခ)ပုံတောင်သားနှင့် အင်းကန်အသင်းတို့ ကစားကြရာတွင် လူငယ်လေးများဖြင့် ဖွဲ့စည်းထားသော အင်းကန်အသင်းမှ ခေါ်သန္တီအသင်းအား ဂိုးများများသွင်း၍ အနိုင်ယူသွားပြီဖြစ်သဖြင့် Top Three စာရင်းတွင် ပါဝင်သွားပြီဖြစ်ပြီး ဂျူးဂျူးအသင်းအား ယှဉ်ပြိုင်နိုင်သော အသင်းဖြစ်လာနိုင်ကြောင်း ပွဲကြည့်ပရိတ်သတ်များ ခန့်မှန်း

LIVE SCORE


FT
ပုံတောင်သား
 1
 7
အင်းကန်
FT
 IOGATE
1
2
မြိုင်စည်
FT
 ပျိုတို့မောင်
1
5
 မင်းမရှေ့





Wednesday, December 18, 2013

အင်းကန် ဖူဆယ်ကလပ်

၂၀၁၃-၂၀၁၄ ဖူဆယ်ပြိုင်ပွဲရာသီ ရွှေကုက္ကိုဖူဆယ်ကလပ်၏ Top Three စာရင်းတွင် မင်းတိုင်ပင်ဖူဆယ်ကလပ်ချန်ပီယံ အင်းကန်အသင်း ပါဝင်လာနိုင်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ ခန့်မှန်းနေ၊

ပွဲကျက်များနှင့် ရင်ဆိုင်နေရသော IOGATE ဖူဆယ်ကလပ်

ချန်ပီယံများနှင့် ရင်ဆိုင်နေရသော IOGATE ဖူဆယ်ကလပ်သည် ယခုနှစ် ၂၀၁၃-၂၀၁၄ ခုနှစ် Top Three စာရင်းတွင် ပါဝင်နေသော်လည်း Top Three စာရင်းမှ ဖယ်ပေးရနိုင်ကြောင်း၊ ၄င်းအုပ်စုတွင် ပါဝင်သော နာမည်ကြီး လက်ရှိချန်ပီယံ ပုံတောင်သား(ခ)ခေါ်သန္တီ၊ မင်းတိုင်ပင်ဖူဆယ်ကလပ် ချန်ပီယံ အင်းကန်၊ မြို့နယ်တွင် အကောင်းဆုံးအသင်း သမိုင်းတစ်ခုရှိခဲ့သော မြိုင်စည် ကလပ်အသင်းများအား ကျော်ဖြတ်ရန် မှာ မလွယ်ကူကြောင်း၊ ၁၉ ရက်နေ့တွင် မြိုင်စည်နှင့်ကန်ရမည်ဖြစ်သဖြင့် မြိုင်စည်အသင်းအား လေ့လာရန် ၁၉ ရက်နေ့နံနက်တွင် ပုလဲမြို့ပေါ်သို့ သွားရမည်ဖြစ်ကြောင်း၊ Top Three စာရင်းတွင် ဆက်လက် ရပ်တည်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ IOGATE အသင်းကစားသမားများမှ ပြောသွား

ပထမဆုံး အစောဆုံးအနီကဒ် စံချိန်တင် ကစားသမား

ရွှေကုက္ကို ဖူဆယ်ကလပ်တွင် အနီကဒ် စံချိန်ကို ပထမဆုံးယူသွားသော ချမ်းစိမ့်ဖူဆယ်ကလပ်ကစားသမားတစ်ဦး ယခုနှစ် ၂၀၁၃-၂၀၁၄ ဖူဆယ်ရာသီ ချမ်းစိမ့်ကလပ်၏ ပထမပွဲအစတွင် ချမ်းစိမ့်ကစားသမား ဝေဖြိုးအောင်သည် ရွှေလင်းအိမ် ကစားသမားတစ်ဦးအား လက်တီးဖြင့် ထိုးသဖြင့် ကွင်းလယ်ဒိုင်လူကြီးမှ အနီကဒ်ပြ ထုတ်ပယ်လိုက်ပြီး ရွှေကုက္ကို ဖူဆယ်ကလပ်၏  အနီကဒ်ပြ သမိုင်းစာရင်းတွင် ဒုတိယမြောက်စာရင်းတွင်ပါဝင်သော်လည်း ၂၀၁၃-၂၀၁၄ ဖူဆယ်ရာသီ အနီကဒ်စာရင်းတွင် အစောဆုံးနှင့် အဆိုးဆုံးစာရင်းတွင် ပါဝင်လာခဲ့သည်။ ထို့ကြောင့် ရွှေကုက္ကိုဖူဆယ်ကလပ်၏ အသန့်ရှင်းဆုံးဆုနှင့် လွဲချောသွားပြီဖြစ်သည့်အပြင် ၄င်းကစားသမားမှာ ခရိုင်လက်ရွေးစင်စာရင်းတွင် ပါဝင်နေပြီး ၄င်း၏ လုပ်ရပ်များကြောင့် ၀ါရင့်ကစားသမားတစ်ယောက်၏ အားကစားဂုဏ်သိက္ခာကျဆင်းမည်ကို  ချမ်းစိမ့်အသင်း ပရိတ်သတ်များ စိုးရိမ်နေ

ဂျူးဂျူးကစားသမားများ အကောင်းဆုံးကစားသွား

၂၀၁၃-၂၀၁၄ ရွှေကုက္ကို ဖူဆယ်ကလပ် ဖွင့်ပွဲနေ့တွင် ပထမဆုံးပွဲစဉ်အဖြစ် ကစားခဲ့သော ဂျူးဂျူးဖူဆယ်အသင်းသည် Top Three စာရင်းဝင်နှင့်အညီ အကောင်းဆုံးကစားသွားကာ သွင်းသွားသော ဂိုးများထဲတွင်လည်း အကောင်းဆုံးဂိုးများ စာရင်းတွင် ရွေးထုတ်ပါဝင်နိုင်ကြောင်း မြို့နယ်ဝါရင့်ကစားသမား တစ်ဦးမှ မှတ်ချက်ပြု

Tuesday, December 17, 2013

Live Score



ယုခမ်း
 3
6
ဂျူးဂျူး
ချမ်းစိမ့်
  5
 0
ရွှေလင်းအိမ်
P
 0
0
P

အခမ်းအနားအစီအစဉ် နေ့ ၁၀ နာရီ

ပုလဲမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးအားကစား ဖိတ်ခေါ်ပြိုင်ပွဲ အခမ်းအနားအစီအစဉ်

          ပုလဲမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးအားကစား ဖိတ်ခေါ်ပြိုင်ပွဲ၏ အခမ်းအနားအစီအစဉ်များ မကြာမှီ ကျင်းပတော့မည် ဖြစ်ပါသောကြောင့် ကြွရောက်လာကြသော ကုက္ကိုကုန်းကျေးရွာရပ်မိရပ်ဖများနှင့်  ပြိုင်ပွဲဝင်အသင်းများ နေရာယူပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ရှင်…….
v  ကြွရောက်လာကြသော လွတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုက္ကိုကုန်းကျေးရွာ ရပ်မိရပ်ဖများနှင့်  ပြိုင်ပွဲဝင်အသင်းများ နေရာယူပြီး ဖြစ်ပါသဖြင့် အခမ်းအနားအစီအစဉ်များကို ကြေငြာပါ့မယ် ရှင်……..
အခမ်းအနားအစီအစဉ် (၁)။ ။အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း၊
အခမ်းအနားအစီအစဉ်(၂)။        ။စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ လွှတ်တော်ကိုယ်စာလှယ် ဦးတင်ဆွေ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ)မှ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုကျင်းပသော ဖူဆယ်ဘောလုံး အားကစားဖိတ်ခေါ်ပြိုင်ပွဲအခမ်းအနား အဖွင့်မှာစကား ပြောကြားခြင်း၊
အခမ်းအနားအစီအစဉ်(၃)။           ။ပြိုင်ပွဲကျင်းပရေးကော်မတီ ဆရာတော် ဦးဝါယမိန္ဒမှ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံး အားကစားဖိတ်ခေါ်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြသော အားကစားသမားများအား ဆုံးမသြ၀ါဒစကား ပြောကြားခြင်း၊
အခမ်းအနားအစီအစဉ်(၄)။              ။ပုလဲမြို့နယ်၊ မြို့နယ်အား/ကာတာဝန်ခံ ဦးတိုးမြင့်ဆွေမှ  ပြိုင်ပွဲအတွက် အားကစား လက်ဆောင်ပစ္စည်းများ ပေးအပ်ရန်နှင့် အဆိုပါ လက်ဆောင် ပစ္စည်းများကို ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးစန်းမောင်မှ လက်ခံရယူခြင်း၊
အခမ်းအနားအစီအစဉ်(၅)။              ။ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးမောင်သန်းမှ ပုလဲမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ကျင်းပသော လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ကျင်းပခွင့်ရသည့်အတွက်  ကျေးဇူးတင် ၀မ်းမြောက်စကား ပြောကြားခြင်း၊
အခမ်းအနားအစီအစဉ်(၆)။              ။ပုလဲမြို့၊ အိုင်အိုဂိတ် ကွန်ပျူတာစင်တာ ဆရာဦးအောင်မြတ်ခိုင်မှ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ကျင်းပသော လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံး ပြိုင်ပွဲ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များ ပြောကြားခြင်း။
အခမ်းအနားအစီအစဉ်(၇)။              ။ကြွရောက်လာကြသော လွတ်တော်ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာရပ်မိရပ်ဖ များနှင့် ပြိုင်ပွဲဝင်အားကစားသမားများစုပေါင်း၍ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခြင်း၊
အခမ်းအနားအစီအစဉ်(၈)။              ။နာယကဆရာတော်များနှင့် ကော်မတီအဖွဲ့ဝင်များမှ မဲနှိုက်အစီစဉ်များပြုလုပ်၍ အုပ်စု သတ်မှတ်ခြင်း
အခမ်းအနားအစီအစဉ်(၉)။              ။(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကြိုတင်ကျင်းပသော လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးအားကစား ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း ကြေငြာခြင်းတို့ ဖြစ်ပါတယ်….ရှင်…

အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အရ ပြိုင်ပွဲဝင်ကစားသမားများအား မျိုးဆက်သစ် ကျောင်းသားလူငယ်များနှင့်အတူ ပြိုင်ပွဲကျင်းပရာ အားကစားကွင်းသို့်ဆက်လက်ချီတက်နေရာယူပေးကြပါရန်