Tuesday, January 14, 2014

ရွှေကုက္ကိုဖူဆယ်ကလပ်၏ ပထမဆု


ရွှေကုက္ကိုဖူဆယ်ကလပ်၏ ပထမဆုကို ချမ်းစိမ့်အသင်းရရှိကာ အောင်ပန်းမြို့ ဖြိုး တည်းခိုခန်း ပိုင်ရှင် ကိုအာကာထက်စံ+ မဥမ္မာဖြိုး သမီး -ရွှန်းလဲ့ရတီဝင်း တို့၏ ကိုယ်စား ဖခင်ဖြစ်သူ ဦးမြတ်စံမှ ပေးအပ်ချီးမြှင့်

posted from Bloggeroid


ရွှေကုက္ကိုဖူဆယ်ကလပ်၏ ပထမဆုကို ချမ်းစိမ့်အသင်းရရှိသွားကာ ၄င်းဆုကို ဦးစလိုင်းမှ ပေးအပ်

posted from Bloggeroid

ရွှေကုက္ကိုဖူဆယ်ကလပ်၏ ဒုတိယဆု


ရွှေကုက္ကိုဖူဆယ်ကလပ်၏ ဒုတိယဆုကို အင်းကန်အသင်းရရှိကာ ၄င်းဆုကို မုံရွာမြို့ နန်းဦးကျောင်းဆရာတော် ဦးဝါယမ မှ ပေးအပ်ချီးမြှင့်

posted from Bloggeroid

Wednesday, January 8, 2014

ရွှေကုက္ကို

မင်္ဂလာပါ

posted from Bloggeroid

Sunday, January 5, 2014

ကွင်းလယ်ဒိုင်လူကြီးမှ နှစ်ဖက်အသင်းသားများအား ရှင်းပြနေသော ဗိုလ်လုပွဲ မှတ်တမ်း

ရွှေကုက္ကိုဖူဆယ်ကလပ်၏ ဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင်လူကြီးအဖြစ် ပုလဲမြို့၊ မြို့နယ် အား/ကာ တာဝန်ခံ ဦးတိုးဆွေဦးမှ နှစ်ဖက်အသင်းကစားသမားအား အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားရန်၊ မတော်တဆဖြစ်သော ထိခိုက်မှု့များအား တစ်ယောက်နှင့် တစ်ယောက် ပြန်လည်လက်ဆွဲနှုတ်ဆက်ကြရန်နှင့် ယခုလို ခန်းနားသော ပြိုင်ပွဲမျိုးကို ပြုလုပ်ပေးခြင်းမှာ အနာဂတ်လူငယ်များ ချစ်ခင်ရင်းနှီးမှု့၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာဖို့ ရည်ရွယ်ကြောင်းပြောကြားကာ ပြိုင်ပွဲအား စတင်သည်။

ဆု သုံးဆု ပေးအပ် ချီးမြှင့်ခဲ့

 

ရွှေကုက္ကိုဖူဆယ်ကလပ်တွင် ပါဝင်ယှဉ်ပြိုင်ကြသော အသင်းများအတွက် ပထမဆု၊ ဒုတိယဆုနှင့် အသင်းလိုက် အသန့်ရှင်းဆုံးဆု များကို ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ပေးအပ်ချီးမြှင့်ခဲ့သည်။

ချန်ပီယံဖြစ်ရန် ရေပန်းစားသော်လည်း ဒုတိယဖြင့် ကျေနပ်ခဲ့ရ

ရွှေကုက္ကိုဖူဆယ်ကလပ်၏ ချန်ပီယံဖြစ်ရန် ရေပန်းစားသော အသင်းမှာ အင်းကန်အသင်းဖြစ်ပြီး ဗိုလ်လုပွဲတွင် ချမ်းစိမ့်အသင်းနှင့် မကစားမှီ တစ်ဂိုး ပြန်ခွာပေးမည် လောင်းမလားဟုပင် အင်းကန်အသင်းပရိတ်သတ်များ စိန်ခေါ်မှု့ရှိခဲ့သည်။ သို့သော် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ လောင်းကစားပြုလုပ်မှု့များတွေ့ရှိလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် မည်သူမျှ မလုပ်ရဲကြပေ၊ နောက်ဆုံးတွင် ချမ်းစိမ့်အသင်းမှ ၂-၀ ဖြင့် အနိုင်ယူ ဗိုလ်စွဲသွားသည်။

အသန့်ရှင်းဆုံးဆု ဦးလေးကြီးအသင်းရရှိ


ရွှေကုက္ကိုဖူဆယ်ကလပ်တွင် ပါဝင်ယှဉ်ပြိုင်ကြသော အသင်းများထဲတွင် အသန့်ရှင်းဆုံးဆုရရှိရန် ရေပန်းစားဆုံးအသင်းမှာ မင်းမအသင်းဖြစ်သော်လည်း ပြိုင်ပွဲမှတ်တမ်းများ၏ မှတ်ချက်များ ပြန်လည်စစ်ဆေးရာ မင်းမအသင်းသည် ပျိုတို့မောင်အသင်း၊ IOGATE အသင်းတို့နှင့် တွေ့ဆုံရာတွင် ပြစ်ဒဏ်ဘော များ (၆)လုံးစီအထိ ပေးခဲ့ရပြီး ကျန်ပွဲစဉ်များတွင်လည်း ပြစ်ဒဏ်ဘော အနည်းအငယ်ရှိခဲ့သည်။ မင်းမအသင်းသည် ထို့သို့ ပြစ်ဒဏ်ဘောများရှိခဲ့သည်မှာ မတော်တဆဖြစ်ခဲ့ခြင်းဖြစ်နေသော်လည်း အသန့်ရှင်းဆုံးဆုဖြင့်ဝေးကာ ၄င်းထက် အသန့်ရှင်းဆုံးအသင်းအား မှတ်တမ်းများအရ ဦးလေးကြီးအသင်းအား တွေ့ရှိခဲ့သည်။ ဦးလေးကြီးအသင်းသည် အုပ်စုမှ အကြိုဗိုလ်လုအထိ ပြိုင်ဆိုင်ခဲ့သော ပွဲစဉ်များတွင် ပြစ်ဒဏ်ဘော နည်းခဲ့ပြီး ရှုံး/ထွက်အဆင့် မင်းမနှင့်တွေ့သော တစ်ပွဲတည်းသာ ပြစ်ဒဏ်ဘော (၆)လုံးပေးခဲ့ရသည်။ ထို့ကြောင့် အဆင့်အားဖြင့်ကြည့်လျှင်လည်း အကြိုဗိုလ်လုအထိတက်ခဲ့သည်၊ ပွဲစဉ်အားဖြင့်ကြည့်လျှင် ပွဲပိုကစားရသော်လည်း ပြစ်ဒဏ်ဘောမှာ မင်းမအသင်းထက် ပိုနည်းနေသည်ကိုတွေ့ရ၍ ရွှေကုက္ကိုဖူဆယ်ကလပ်၏ အသန့်ရှင်းဆုံးဆုကို ဦးလေးကြီးအသင်း ရရှိသွားသည်။

Friday, January 3, 2014

အချိန်ပို ပြဿနာ

ဂျူးဂျူးအသင်းနှင့် ချမ်းစိမ့်အသင်းတို့ ရွှေကုက္ကိုဖူဆယ်ကလပ်၏ အကြိုဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ကစားသော ပွဲစဉ်တွင် ပထမပိုင်းဂိုးရလဒ်မှာ ဂျူးဂျူးအသင်းအနိုင်ရနေသဖြင့် ကွင်းလယ်ဒိုင်လူကြီးမှ အချိန်ပို ၈ မိနစ် ပေး၍ ချမ်းစိမ့်အသင်းဘက်သို့ ပါသည်ဟု စောဒကများရှိခဲ့သည်။ ၄င်းအချိန်ပို ၈ မိနစ် မှန်ကန်မှု့ရှိမရှိနှင့် အမှန်တကယ် အချိန်ပိုမိနစ်အား ကော်မတီထက် ကွင်းလယ်ဒိုင်လူကြီးသာ အမှန်တကယ်အသိဆုံးဖြစ်မည်။ သို့သော် ပရိတ်သတ်များမှ ၈ မိနစ်အထိမရှိကြောင်း၊ မဖြစ်နိုင်ကြောင်း ပြောသံများရှိနေသည်။

ရင်ခုန်စရာ အသန့်ရှင်းဆုံးဆု

ရွှေကုက္ကိုဖူဆယ်ကလပ်၏ အကောင်းဆုံးအသင်းလိုက် အသန့်ရှင်းဆုံးဆုအား မည်သည့်အသင်းရမည်ကို အသင်းကစားသမားများနှင့် ဘောလုံးပရိတ်သတ်များ ကော်မတီသို့ မေးမြန်းမှု့ များပြားနေ

လွတ်လပ်ရေးနေ့ ရွှေကုက္ကိုဖူဆယ်ဘောလုံး ဗိုလ်လုပွဲ

အကောင်းဆုံး ပရိတ်သတ်အကြိုက်တွေ့မည့် ရွှေကုက္ကိုဖူဆယ်ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ
4-1-2014
ဗိုလ်လုပွဲ

 ချမ်းစိမ့်


 အင်းကန်
 1:30 PM

မိန်းကလေးဖူဆယ်ဘောလုံး ပြိုင်ပွဲ ဂိုးရလဒ်

2-1-2014
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့
မြို့မဈေးအတွင်း၊ မိန်းကလေးဖူဆယ်ဘောလုံး

FT
ပုလဲ
6
4
 ကျွန်းဘိုကုန်း
9:30 AM

ရွှေကုက္ကိုဖူဆယ်ဘောလုံး ဂိုးရလဒ်

2-1-2014
အကြိုဗိုလ်လုပွဲ

FT
 ဂျူးဂျူး
3
4
 ချမ်းစိမ့်
 1:00 PM
FT
 ဦးလေးကြီး
3
4
အင်းကန်
 2:00 PM

Wednesday, January 1, 2014

အကောင်းဆုံးပွဲစဉ် (၂)ပွဲ

ယနေ့ ၂-၁-၂၀၁၄ ရက်နေ့တွင် အကြိုဗိုလ်လုပွဲအဖြစ် ပြိုင်ဆိုင်မည့် ဂျူးဂျူး-ချမ်းစိမ့် နှင့် 
အင်းကန် - ဦးလေးကြီးတို့ ပွဲစဉ်များသည် ပရိတ်သတ်မျှော်လင့်နေသော အကောင်းဆုံးပွဲများဖြစ်သဖြင့် ယနေ့နံနက် ၁၀ နာရီထိုးမှစ၍ ပရိတ်သတ်များရောက်ရှိနေသည်

ရှုံး/ထွက်အဆင့် ဂိုးရလဒ်

1-1-2014

 FT
နွားကူး
4
8
ချမ်းစိမ့်
1:00 PM
 FT
ဂျူးဂျူး
4
0
ရွှေကုက္ကို
 2:00 PM
 FT
ဦးလေးကြီး
7
1
မင်းမ
 3:00 PM
 FT
အင်းကန်
4
1
ကံရုံး
 4:00 PM

ဂိုးပြက်ဖြင့် နွားကူးအသင်းရှုံး

ကစားသမားကောင်းများဖြင့် ဖွဲ့စည်းထားသော နွားကူးအသင်းသည် ရှုံးထွက်အဆင့်တွင် ချမ်းစိမ့်အသင်းအား ၄-၈ ဖြင့် ရှုံးကာ ရွှေကုက္ကိုဖူဆယ်ကလပ်ပြိုင်ပွဲမှ ထွက်သွားပြီဖြစ်ပြီး ၄င်းပရိတ်သတ်များမှာ အသင်းကစားသမားများကို အပြစ်မဆိုဘဲ တစ်ဘက်ချမ်းစိမ့်အသင်းကစားသမားများ အရမ်းကောင်းမွန်၍ ရှုံးနှိမ့်ခဲ့ရကြောင်းပြောသွားသည်

၂၀၁၃ နှင့်အတူ လက်ပြနှုတ်ဆက်သွားသော အသင်း

ရွှေကုက္ကိုဖူဆယ်အသင်းသည် ၁-၁-၂၀၁၄ ရက်နေ့တွင် ဂျူးဂျူးအသင်းနှင့် ရှုံး/ထွက်အဆင့် ယှဉ်ပြိုင်ရာ ၄-၀ ဖြင့် ရှုံးကာ ၂၀၁၃ နှင့်အတူ ရွှေကုက္ကိုဖူဆယ်ကလပ်မှ လက်ပြနှုတ်ဆက် ထွက်ခဲ့ရပြီး ပရိတ်သတ်နှင့်အတူ ၀မ်းနည်းခဲ့ရကြောင်း အသင်းသားများပြောသွား

ပရိတ်သတ် သုံးထောင်ကျော်

ရွှေကုက္ကိုဖူဆယ်ဘောလုံးပွဲ၏ ရှုံး/ထွက် ပွဲစဉ်များတွင် ပရိတ်သတ်များ အားပေးမှု့များပြား ပြင်းထန်

မိန်းကလေးဖူဆယ်ဘောလုံးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၏ မြို့မဈေးအတွင်းတွင် မိန်းကလေးဖူဆယ်ဘောလုံးပွဲ ကျင်းပနေပြီ ဖြစ်ပါသည်။ ၄င်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော အသင်းများ ယှဉ်ပြိုင်နိုင်ပြီး ယနေ့ ၂-၁-၂၀၁၄ ရက်နေ့တွင် ကျွန်းဘိုကုန်း မိန်းကလေးအသင်းနှင့် ပုလဲ မိန်းကလေးအသင်းတို့ ပထမပွဲစဉ်အဖြစ် ကျင်းပနေ